Notes of Development & Sustainable Development-1

 

ကမ္ဘာ့တောင်ဘက်ခြမ်းသည် မဖွံ့ဖြိုးသေးသောဒေသဖြစ်သည်ဟု မိန့်ခွန်းထဲတွင်ထည့်သွင်း၍ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သမ္မတ Harry S. Truman ကကြေညာလိုက်သော ၁၉၄၉ ဇွန်လ ၂၀ ရက်နေ့ကို ဖွံ့ဖြိုးရေးကို စတင်အာရုံကျသောခေတ် (The Age of Development) စတင်သည်နေ့ဟု ယူဆလိုပါသည်။ (The Dev; Dic;)

dev-dic.jpe

ကျွန်ုပ်တို့ တစ်နှစ်စာ သုံးစွဲလိုက်သော သယံဇာတများသည် ကမ္ဘာကြီးအဖို့ နှစ်တစ်သန်းစာမျှ စုဆောင်းထားရခြင်းဖြစ်သည်။ (The Dev; Dic;)

စက်မှုထွန်းကားရေး နမူနာပုံစံအတိုင်း နိုင်ငံအားလုံး `အောင်မြင်စွာ´ ချီတက်နိုင်ရေးအတွက်ဆိုလျှင် သယံဇာတ သတ္တုတွင်းနှင့် စွန့်ပစ်ပစ္စည်းများစွန့်ရန် နောက်ထပ် ကမ္ဘာ ငါးခု (သို့) ခြောက်ခုမျှလိုအပ်ပါလိမ့်မည်။ (The Dev; Dic;)

အနှစ်လေးဆယ်ကာလ (၁၉၅၀-၁၉၉၀) အတွင်း ဖွံဖြိုးရေး (Development) ဟူသောကိစ္စသည် နိုင်ငံရေးစနစ်များ အားပြိုင်ရာ၌ လက်နက်သဖွယ်ဖြစ်ခဲ့သည်။ (The Dev; Dic;)

ယခုအခါ ဖွံဖြိုးရေးဟူသောကိစ္စသည် တိကျသော ပုံသဏ္ဌန်လည်းမရှိ (Shapeless)၊ ဖျောက်ဖျက်၍လည်းမလွယ် (Ineradicable) သော အမီးဘားနှင့်တူသည့် (Amoeba-Like) အယူအဆသဖွယ်ဖြစ်လာသည်။ (The Dev; Dic;)

ဖွံဖြိုးရေးဟူသည် ဤအခါသမယမှစ၍ ဂမ္ဘီရမှော်စကားလုံးဖြစ်လာပြီးလျှင် ကျွန်ုပ်တို့၌ ပတ်လည်ဝိုင်းနေသော ပဟေဠိပေါင်းများစွာကို ဖြေရှင်းပေးနိုင်မည့် (သို့) အယုတ်ဆုံးအားဖြင့် ယင်းပဟေဠိများကို အဖြေရှာရေး လမ်းပြပေးနိုင်မည့်အရာ ဖြစ်ပေတော့သည်။ (Haeckel/The Dev; Dic;)

ဖွံ့ဖြိုးဆဲနိုင်ငံဒေသ (Development Country or Region) – စီးပွားရေးတွင် မြောက်အမေရိက၊ အနောက်ဥရောပစသည့် နိုင်ငံတို့၏အဆင့်ကို မရောက်သေးသောနိုင်ငံ၊ ဒေသ။ ဖွံ့ဖြိုးမှုနောက်ကောက်ကျနေသော (Underdeveloped) ဟူသည့်စကားလုံးအစား သွယ်ဝိုက်၍ သုံးသောစကား။ (development ပုဒ်အဖွင့်၊ Petit Robert Dictionary-1987)

၁၉၆၀ တွင် ကမ္ဘာ့မြောက်ခြမ်းနိုင်ငံများသည် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများထက် အဆ ၂၀ ချမ်းသာသည်။ ၁၉၈၀ တွင်မူ ၄၆ ဆ အထိ ချမ်းသာလာသည်။

Advertisements

Leave a comment

Filed under Development, Knowledge, Philosophy

Comments are closed.