Different Stories in Different Villages

သူ့အရပ်နဲ့သူ့ဇာတ်

ကျနောသူငယ်ချင်းတွေပြောတဲ့ သူတို့ဆီက ဓလေ့။

မွန်ဂိုလီးယားသူငယ်ချင်း ။ သူတို့ရဲ့အလွန်အေးတဲ့ တိုင်းပြည်မှာ ယောင်္ကျားရပြီးတော့မှ ကလေးမရရင် ပြဿနာတဲ့။ ယောင်္ကျားမရသေးဘဲ ကိုယ်ဝန်ရှိ၊ ကလေးရရင် ပြဿနာ မဟုတ်ဘူးတဲ့။ Fertile ဖြစ်တယ်၊ မမြုံဘူးဆိုတာ သက်သေပြပြီးသားဖြစ်တာမို့ ယောင်္ကျားတွေကလည်း ဒါမျိုးဆိုလည်း လက်ထပ်ချင်ဆိုပဲ။

mongolia.jpg

ဖိလစ်ပိုင်သူငယ်ချင်း ။ ဖိလစ်ပိုင်သားတွေမှာ မှတ်ပုံတင်မရှိကြဘူး။ အဲလို အရေးအကြောင်းဆို ဘယ်လို Identify လုပ်မလဲ။ မြန်မာပြည်မှာဆို မလွယ်ဘူးဗျို့။ သို့သော်လည်းကိစ္စမရှိဘူးတဲ့။ မွေးစာရင်းဖြစ်ဖြစ်၊ ယာဉ်မောင်းလိုင်စင်ဖြစ်ဖြစ်၊ ၀န်ထမ်းကဒ်ဖြစ်ဖြစ် အိုကေပါတဲ့။ ကဲ…။

ဂျပန်သူငယ်ချင်း ။ အာရှမှာရှိတဲ့ နိုင်ငံတွေထဲမှာ နိုင်ငံတိုင်းဟာ လူမျိုးစု၊ လူမျိုးကွဲတွေ ရှိကြပါသတဲ့။ ဒါပေမယ့် ဂျပန်ကလွဲရင်လို့ ပြောရပါမယ်။ စစ်စစ်ပေါက်ပေါက်ကြံဖန်ခွဲရင်တော့ အလွန်လူဦးရေနည်းပြီး ဘာမှ ကွဲပြားမှုပြောလောက်စရာမရှိတဲ့ လူမျိုးတစ်မျိုးကိုသာ ပြစရာရှိပါသတဲ့။

ထိုင်းသူငယ်ချင်း ။ မြန်မာတွေ ဇင်းမယ်လို့သိကြတဲ့ (ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ မြို့တော်) ချင်းမိုင်ဟာ တောင်ပတ်လည်ဝိုင်းပြီး အေးချမ်းသာ အနောက်တိုင်းသားတွေ အကြိုက်တွေ့တဲ့ မြို့ပါ။ ဒါပေမယ့် ပါမောက္ခတစ်ယောက်က ချင်းမိုင်ဟာ လေထုညစ်ညမ်းမှု အလွန်မြင့်လာနေလို့ Sustainable City လုံးဝ မဟုတ်ပါတဲ့။ ပြီးတော့ ထိုင်းနိုင်ငံမှာ ကိုယ့်ကိုကိုယ်သတ်သေမှုနှုန်း အမြင့်ဆုံးမြို့ဟာ ချင်းမိုင်ဖြစ်ပါသတဲ့။

ka-htwy5.jpg

 

မနေ့ (၁၀၊ နိုဝင်ဘာ) မှာ ပြီးသွားတဲ့ Miss Food Festival 2007 မှာ ပြိုင်ပွဲဝင်တဲ့ မိန်းမလျာတွေ။

 

ထိုင်းကအခြောက်တွေ ။ ထိုင်းမှာနေစဉ်ကျနော်များရဲ့ ပြဿနာက ယောင်္ကျားကနေ မိန်းမဖြစ်အောင် လုပ်ထားတဲ့ ထိုင်းလို `ကထွေ´လို့ခေါ်တဲ့ ဖြတ်-ဖောက်-ချုပ် တွေနဲ့ မိန်မအစစ်တွေကို ရုတ်တရက်ခွဲဖို့ခက်တဲ့ ဟာပါပဲ။ ငယ်ငယ်လေးကတည်းက မိဘတွေက တားမရလို့ ခြောက်ခွင့်ပေးထားတဲ့အခါကျတော့ သူတို့တတွေဟာ မိန်းမအစစ်တွေလို နုဖတ် နွဲ့နှောင်းနေတာဖြစ်ပါသတဲ့။ အသံကအစ ညင်ညင်သာသာလေးနော်။ တီဗီမှာလာရင် ချက်ခြင်း ရှုစားတော်မမူရဲဘူး။ အထီးလား၊ အမလား အရင်လက်တို့ပြီး မေးရသေးတယ်။ လိုရင်းမရောက်သေးဘူးဗျ…ပြောချင်တာက သူတို့ ဘယ်လိုပဲ ဖြတ်-ဖောက်ချုပ်ပြီး ယောကျာင်္းပါယူထားပစေ၊ နိုင်ငံသားကဒ်နဲ့ ပတ်စပို့ (နိုင်ငံကူးလက်မှတ်) မှာ မစ္စတာလို့ တပ်ရမယ်လို့ ဥပဒေရှိပါသတဲ့။ အဲဒါကိုရှက်တဲ့ မရွှေခြောက်တို့က ကွယ်လွန်သွားတဲ့ သူတို့နဲ့ မတိမ်းမယိမ်းမိန်းမအစစ်တွေရဲ့ နိုင်ငံသားကဒ်တွေကို ဈေးကြီးကြီးပေးဝယ်ကြပါတယ်။ တစ်ယောက်သော မရွှေခြောက်ဟာဆိုရင် နိုင်ငံတကာတောင် လှည့်ပြီးပြီ။ ပြီးမှ အင် ကြီးကိုင်ထားမှန်းသိလို့ အရေးယူခံရပါရောလား။

ka-htway-2.jpg

မနေ့ (၁၀၊ နိုဝင်ဘာ) မှာ ကျင်းပတဲ့ Miss International Queen 2007 မှာ ပထမရသွားတဲ့ ဟိုဒင်းဗျို့…မပြောရင် မိန်းမလျာမှန်းသိမှာ မဟုတ်ဘူး။

ka-htway-4.jpg

ကမ္ဘောဒီးယားသူငယ်ချင်း ။ ကျနော်နဲ့ရွယ်တူ ကမ္ဘောဒီးယားအများစုဟာ သူတို့အသက်ကို အတိအကျမသိကြပါဘူး။ တစ်နေ့ အသက်တွေမေးကြတော့ ကမ္ဘောဒီးယားနှစ်ယောက်စလုံးက မင်းတို့လောက်ပါပဲလို့ ပြောပါတယ်။ သူတို့ငယ်စဉ်က ခမာနီတွေရဲ့ မျိုးဖြုတ်သတ်ဖြတ်မှုတွေ၊ စစ်တလင်းဖြစ်နေရတဲ့ အခြေအနေကြောင့် ပြေးလွှားနေရတာမို့ လူကြီးသူမတွေ သေကြေ၊ အမှတ်အသားတွေပျောက်ပျက် ဖြစ်ကုန်တာမို့ပါတဲ့။ အေးချမ်းတော့မှ ကျောင်းကိုသွား၊ ဆရာမက ခေါင်းကိုကျော်ပြီး နားရွက်ဆွဲခိုင်းပြီး သူထင်တဲ့ အသက်ရေးပေးလိုက်သတဲ့။ အဲဒီအသက်ဟာ သူတို့အတွက် အတည်ဖြစ်သွားပါတယ်။ ကမ္ဘောဒီးယားတစ်ယောက်က ကျနော့်ထက် အသက်ငယ်ပုံရပြီး၊ တစ်ယောက်က ကြီးပုံရသဗျ။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံးက အခုထိ `မင်းနဲ့ အသက် အတူအတူပဲတဲ့…´။

တိဘက်အကြောင်း ။ တိဘက်က ဒေသတစ်ခုမှာ မိန်မတစ်ယောက်ဟာ လက်ထပ်တဲ့အခါ ညီအစ်ကိုနှစ်ယောက်ရှိရင်နှစ်ယောက်စလုံး၊ သုံးယောက်ရှိရင် သုံးယောက်စလုံးနဲ့ လက်ထပ်ပေါင်းသင်းတာ ထုံးစံပါတဲ့။ မနုဿဗေဒရှုထောင့်က ရှင်းပြတာကတော့ မြေယာပိုင်ဆိုင်မှုကို အမွေဆက်ခံတဲ့အခါ အပိုင်းပိုင်းစိတ်စရာမလိုဘဲ သားအကုန်လုံးကို ရော့ဆို တစ်စုတည်းပေးနိုင်မယ့် သူ့အခြေအနေရဲ့ တောင်းဆိုချက်ကြောင့် ဖြစ်ပါတယ်တဲ့။ ဟုတ်ပါပြီ..ညကျတော့ ဘယ်သူနဲ့ အိပ်မှာတုန်းလို့ စောဒကတက်ကြပါတယ်။ ယောင်္ကျားနှစ်ယောက် (သို့) သုံးယောက်ရဲ့ ဝေယျာဝေစ္စကိုရော ဘယ်လိုတာဝန်ယူလဲပေါ့။ ပြဿနာမရှိဘူးတဲ့။ အစ်ကိုကြီးက ရောင်းဝယ်ဖောက်ကားဖို့ တနယ်တကျေးသွား၊ အလတ်က လယ်ယာအလုပ်ခွင်ကိုသွားနေ၊ အငယ်ဆုံးကအိမ်မှာပေါ့။ ဒီလို တလှည့်စီပါတဲ့။ ဝေယျာဝေစ္စကတော့ မိန်းမဖြစ်သူက သူ့ယောင်္ကျားသုံးယောက်ကို စီမံခန့်ခွဲပါသတဲ့။ ကဲ….။

ကျုပ်လည်း အပျိုကြီးဖိလစ်ပိုင်မကို စလိုက်တာပေါ့။ ယောင်္ကျားယူမယ်ဆို တိဘက်ကိုသွား..စိတ်ကူးမလွဲနဲ့လို့..။


Advertisements

Leave a comment

Filed under Experience, Knowledge

0 responses to “Different Stories in Different Villages

  1. တိဘက်သူငယ်ချင်းအကြောင်းက တယ်မိုက်ပါလား… 😛

  2. ဗဟုသုတရစရာပါလား။ တိဘက်အကြောင်းကတော့စံပါပဲ။ ထူးထူးဆန်းဆန်းသူတို့မလို့မိန်းမတစ်ယောက်တည်းကို
    ညီအစ်ကိုအားလုံးနဲ့ပေးစားတယ်လို့။ ယိုးဒယားကအခြောက်တွေကလည်းထူးဆန်းပါတယ်။ မှတ်ပုံတင်လေးတင်မစ္စတာထည့်တာကို အပြင်မှာခြောက်လည်းရတာပဲဟာ အရေးယူခံလို့။ ထူးထူးဆန်းဆန်းတွေအတွက်ကျေးဇူးပါနော်။

  3. တိဘက်မှာ မိန်းမဖြစ်ရတာ မလွယ်လိုက်တာနော်.. ဒွတ်ခ…

  4. ကမ္ဘောဒီးယားမှာ မွေးနေ့ အမှန်မသိတာ ကြိုက်တယ်။ အလုပ်လျှောက်ရင် အသက်လိမ်လို့ ရတယ်ဗျို့ ။ 😀

  5. Anonymous

    ကို Thinker ဗဟုသုတ ရပါတယ်ခင်ဗျာ။ သူတို့နိုင်ငံတွေရဲ့  အလေ့အထလေးတွေ သိရတာပေါ့။ ဖိလစ်ပိုင်ကို ကျွန်

  6. ကမ္ဘောဒီးယားမှာ မွေးနေ့ အမှန်မသိတာ တစ်ကယ်ဗျ ကျွန်တော့် သူငယ်ချင်း နှစ်ယောက် လည်းမသိကြဘူးဗျ … ဆရာဝန် တွေနော် ခန့်မှန်းပဲ … အသက် ကျွန်တော့်ထက် လေး ငါးနှစ်စီလောက် ကြီးကြတယ် ဒါပေမယ့် ပတ်စ်ပို့မှာ ကျွန်တော်နဲ့ အတူတူပဲဗျ … 🙂

  7. ကို Thinker ရေ…၊ ကျွန်တော့်သူငယ်ချင်းတွေဆို ညီအစ်ကို ငါးယောက်၊ ခြောက်ယောက်တွေတောင် ရှိသဗျ။ ဒီလိုကောင်တွေနဲ့ တွေ့တဲ့ တိဘက်မတော့…မတွေးရဲစရာပါလားနော်။ 🙂

  8. hehe

    ko thinker yay htai ka gay ma lay twae ko top like twar pi byar……ma htin ya bu naw

  9. ခုမှ သိရတာလေးတွေအတွက်ကျေးဇူးပါရှင်…။ ဒါနဲ့  တစ်ခုလောက်မေးချင်တယ်…။ ကိုသင့် သူငယ်ချင်းတွေထဲက တစ်ယောက်ကသာ မြန်မာသူငယ်ချင်းဆိုပြီးတော့ ရေးတဲ့ အခါ ဘယ်လိုများရေးမလဲမသိဘူးနော်…။

  10. စိတ်ဝင်စားဖို့လည်းကောင်း၊ ဗဟုသုတလည်းရ ပါတယ်။

  11. kyaw kyaw

    myanmar tway mar last name ma shi tar bar phit loe lae?

  12. kyaw kyaw

    သိသူများရှိရင် ဖြေပေးစေချင်ပါတယ်….
    မြန်မာနိုင်ငံက လွဲရင် အခြားသော နိုင်ငံတွေမှာ နောက်နာမည် ရှိကြပါသလား….

  13. အင်းကောင်းတယ်ဗျို့
    ကျွန်တော်ဆုံးဖြတ်လိုက်ပြီ ယပလက်မတွေ ကြိုက်ချင်တော့ဘူး 😛