The 8th Habit-9

အဋ္ဌမမြောက်အလေ့အထ – ၉

(စွမ်းရည်မြင့်မားခြင်းမှ ကြီးကျယ်ပြောင်မြောက်ခြင်းသို့)

 


ကောင်းမြတ်ကျော်စွာ

 

ရောဂါပိုးမွှားသီအိုရီကို ဖော်ထုတ်နိုင်သောအခါ ဘာတွေဖြစ်ကုန်သနည်းဟု စိတ်ကူးကြည့်ပါ။ ဟန်ဂေရီမှ ဆင်မယ်လ်ဝစ်၊ ပြင်သစ်မှ ပါစချာနှင့် လက်တွေ့ဆန်သော သိပံပညာရှင် များသည် ရောဂါများဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ရောဂါပိုးတို့ကြောင့်ဟူသောအချက်ကို သိရသည်နှင့်တစ်ပြိုင်နက် အမျိုးသမီးများ ကလေးမျက်နှာမြင်ရာတွင် ၀မ်းဆွဲသည် အနေဖြင့် သန့်ရှင်းရန်လိုအပ်ပုံ၊ စစ်ပွဲတွင် စစ်သားများ ကျည်ဆန်ထက် ဒဏ်ရာမှ ကူးစက်သော ရောဂါကြောင့် သေဆုံးမှုများရပုံတို့ကို ရှင်းချက် (Explain) ထုတ်လာနိုင်သည်။ ရောဂါပိုးမွှား သီအိုရီသည် သုတေသနနယ်ပယ်သစ်တစ်ခုကို ဖွင့်လှစ်လိုက်ပြီး ယနေ့ခေတ်အထိ ကာကွယ်ကုသရေးဆိုင်ရာအတွက် လမ်းညွှန် (Guide) ဖြစ်ခဲ့သည်။

ဤသည်မှာ မှန်ကန်သော ပါရာဒိုင်းတစ်ခု၏ ပါဝါဖြစ်သည်။ ပါရာဒိုင်း တစ်ခုသည် ပထမတွင်ရှင်းချက် Explain ကို ပေးသည်။ ထို့နောက် မှန်ကန် သောလမ်းညွှန်မှု Guide ကို ပြသည်။ သို့သော် ပြဿနာမှာ ပါရာဒိုင်းတစ်ခု အစဉ်အလာအစွဲများကို ဖျောက်နိုင်ခဲခြင်းမျိုးဖြစ်သည်။ အားနည်းချက်၊ အပြစ်အနာအဆာများရှိသော ပါရာဒိုင်း သည် ထို့ထက်ပိုကောင်းသောတစ်ခု မထွက်ပေါ်မချင်း ရာစုနှစ်နှင့်ချီခရီးဆက်နေလေ့ရှိသည်။ ပညာလုပ်သား ခေတ်သစ်သည် ပါရာဒိုင်းသစ်ပေါ် တွင် အခြေတည်သည်။ စက်မှုခေတ်တွင် အရာဝတ္တုကဲ့သို့ အရာရာကို သဘောထားသော ပါရာဒိုင်းနှင့် လုံးဝ ပြောင်းပြန်ဖြစ်သည်။ င်းကို စတီဖင်ကိုဗေးက တစ်ခုလုံးသက်ရှိ သဘောဆောင် ပါရာဒိုင်း (Whole-Parson Paradigm) ဟု အမည်တပ်သည်။

 

Whole-Parson Paradigm

 

လူများ ကိုယ့်အလုပ်တွင်ကိုယ် မပျော်ပိုက်နိုင်ခြင်း၊ အဖွဲ့အစည်းများသည် ၀န်ထမ်း၊ လုပ်သားများ၏ ပါရမီ၊ အရည်အချင်း၊ ဖန်တီးနိုင်စွမ်းတို့ကို မဖော်ထုတ်နိုင်ခြင်းတို့အတွက် ခြုံငုံသောအကြောင်းပြချက်ကို ရိုးရိုး စင်းစင်း အချက်ကျကျဖော်ပြနိုင်ပါသည်။ လူ့သဘောသဘာဝ (Human Nature) အပေါ် အခြေခံကျသောအမြင် ဖြစ်သည့် ကိုယ့်အကြောင်းကိုယ်သိမှု ပါရာဒိုင်း မပြည့်စုံခြင်းဖြစ်သည်။

 

 

အခြေခံကျသော အစစ်အမှန် တရားမှာ သက်ရှိလူသားသည် တွန်းအားပေးထိန်းချုပ်မှုရှိမှ အလုပ်ဖြစ်သော အရာဝတ္တ္တ္တုများမဟုတ်၊ ကာယ (Body)၊ စိတ် (Mind)၊ ဟဒယ (Heart) နှင့် ၀ိဥာဏ(Spirit)ဟူသော မျက်နှာစာ လေးခုရှိသည်ဟူ ဖြစ်သည်။ (မြန်မာ စကားတွင် စိတ်၊ စိတ်ဓာတ်၊ စိတ်နှလုံး ဆိုသော စကားလုံးများမှာ များစွာကွဲပြားမှုမရှိရာ Mind ကို သိမှုဆိုင်ရာ၊ Heart ကို ခံစားမှုဆိုင်ရာနှင့် Spirit ကို ရှင်သန်မှု အသက်ဓာတ်ဆိုင်ရာဟု နားလည်ကြရန်ဖြစ်ပါသည်။)

 


 

သမိုင်းတင်သည့်ကာလမှစအရှေ့တိုင်း၊ အနောက်တိုင်းနှစ်ခုစလုံး ဘာသာတရား၊ နပညာတို့ကို လေ့လာလျှင် အခြေခံအားဖြင့် အလားတူခြင်းရာလေးရပ်ကို တွေ့ရပေမည်။ုပ်သဘော/ ဥစ္စာဓနရေးရာ (Physical / Economic) ၊ နာမ်သဘော (Mental) ၊ လူမှုဆက်ဆံရေး/ခံစားမှု ဆိုင်ရာ (Social / Emotional) နှင့် ရှင်သန်မှုသဘော (Spiritual) တို့ဖြစ်သည်။ အသုံးအနှုန်း ကွဲကောင်းကွဲမည်ဖြစ်သော်လည်း သဘောတရားအားဖြင့် တူနိုင်ပေသည်။ ယင်းတို့သည် လူသားအားလုံးအဖို့ အခြေခံလိုအပ်ချက်နှင့် တွန်းအားဖြစ်သော ရှင်သန်ရန် Live (Survival)၊ မေတ္တာထားရန် Love (Relationship) ၊ သင်ယူရန် Learn(Growth and Development) နှင့် မျိုးဆက်သစ်အတွက် တစ်ခုခုထားခဲ့ရန် Leave a Legacy (Meaning and Contribution) တို့ကို ကိုယ်စားပြု သည်။

 

ကောင်းမြတ်ကျော်စွာ

 

(ဆက်လက်ဖော်ပြပါမည်)

Advertisements

Leave a comment

Filed under Management, Philosophy

Comments are closed.