Novitiation Ceremony

ရှင်ပြု


နွေကျောင်းပိတ်ရက် မြန်မာပြည်အပြန် သူငယ်ချင်းရှိရာ လှည်းကူး (ရန်ကုန်အနီး) က ကျွန်းကလေးရွာကိုသွား အလည်၊ လက်ထဲမှာ ဒစ်ဂျစ်တယ်ကင်မရာအသစ်နဲ့ လက်ယားနေချိန်၊ ထန်းရည်လေးကလည်း အမူးမှာ ရှင်ပြုပွဲနဲ့တိုးတော့ မှတ်တမ်းတင်ထားတာပါ။

တောကရှင်ပြုတွေကမှ တကယ့်ပျော်စရာ။ ရှင်ပြုပွဲဒါယကာ နဲ့ ရွာတော်တသိုက်ကတော့ ကျုပ်တို့ ထရေ(ထန်းရည်)ဆိုင်က ထပြန်တော့ မှောက်နေတုန်းဗျ။ နေ့ခင်းကြီး။ ပျော်ကြပုံများ ပြောပါတယ်။

ကျုပ်အဖေက သူငယ်ငယ်က ရှင်ပြုဓာတ်ပုံမှာရေးထားတာလေး သွားသတိရတယ်။
……
မြင်းပေါ်က မောင်ရင်လောင်း..ငဲ့စောင်း၍ကြည့်သော အခါ……တဲ့။
ကဗျာတစ်ခုထဲက စာသားပါပဲ။


……ဘယ်စာကိုဘယ်နှဝါ မောင်သင်မတုန်း…..


ဦးဖိုးကျားရဲ့ ..မိတဆိုးရှင်ပြု….ဆိုတဲ့ ၀တ္ထုတိုလေးလည်း သတိရမိပါတယ်။ ဖတ်တိုင်း မျက်ရည်ဝိုင်းရတယ်။ ကျနော်တို့ မမီလိုက်တဲ့ ခေတ်က ၁၀ တန်း မြန်မာ ပြဋ္ဌာန်းစာမှာပါတယ်။ ကြုံရင် ဖတ်ကြည့်စမ်းပါ။

အခုခေတ်မြို့က ရှင်ပြုတွေကတော့ တောကလောက် ပျော်စရာမကောင်းတဲ့ဘူးအောက်မေ့တာပဲ။

Advertisements

Leave a comment

Filed under Experience, Photo

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s