Photo

ရွှေစက်တော်သွား မှတ်တမ်း

ဓာတ်ပုံတွေ ဒီအတိုင်းသိမ်းထားမယ့်အစား ရောက်ဖူးသူလည်း လွမ်းရအောင်၊ မရောက်ဖူးသူလည်း မှန်းရအောင် တင်လိုက်ပါတယ်။ ဒီနှစ် ၂၀၀၇ မှာသင်္ကြန်မတိုင်ခင် သွားခဲ့တာပါ။

ဝင်ဝင်ချင်းမြင်ကွင်းပါ။ နေ့လည်ကြီးရောက်သွားတာ ပူလိုက်တာလွန်ပါရော။ ဒါပေမယ့် ခဏနေတော့ ရေထဲခုန်ဆင်းပစ်လိုက်တာပဲ။ အပူမရှပ်ဘူး ကြိုက်တဲ့ အချိန်သာ ချောင်းထဲဆင်းကူးပါတဲ့

အတော်ကို လွမ်းမောဖွယ်မြင်ကွင်းပါ။ ရွှေစက်တော်သွားတော်လားစာဆိုရှင်ဆရာတော်က ဘယ်လိုဖွဲ့ခဲ့တယ် မမှတ်မိတော့ဘူး။

နေကပူပူ၊ တမျှော်တခေါ်ခြောက်သွေ့သွေ့ရှုခင်း…….

ရုတ်တရက်ကြည့်ရင် ရွာလိုလို၊ ကင်းစခန်းလိုလိုနဲ့။

မှောင်ရီပျိုးချိန်….

ဈေးသည်တွေကတော့ နေရာငှားခတွေဈေးကြီးလို့ ညည်းကြတယ်။ သောက်တတ်သူများ ညချမ်းရိက္ခာအတွက် ပုလင်းဆောင်သွားကြပါ။ ခွက်ပုန်းဝယ်လို့ရပေမယ့် ဈေးကြီးတယ်။
ဈေးလည်ရောင်းကြတဲ့ တောသူမလေးတွေကလည်း သနားစရာ။ ဈေးခင်းရောင်းတဲ့အသည်တွေဆီဈေးဝယ်ရင် ကြည့်ဝယ်။ အင်ရင်အင်၊ မအင်ရင် မတန်တဆဈေးနဲ့ မိတတ်ပါကြောင်း ဓာတ်ပုံတွေမှာ မမြင်ရတဲ့ အင်ဖော်မေးရှင်းတွေပါ ပါးလိုက်ပါရဲ့။

Advertisements

Leave a comment

Filed under Experience

0 responses to “Photo

  1. Better Tomorrow

    ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျွန်တော်တစ်ခါမှမရောက်ဖူးတဲ့ နေရာရဲ့ ဓာတ်ပုံလေးတွေကို ကြည့်ခွင့်ရလို့။