The 8th Habit

အဋ္ဌမမြောက်အလေ့အထ – ၁


(စွမ်းရည်မြင့်မားခြင်းမှ ကြီးကျယ်ပြောင်မြောက်ခြင်းသို့)

ကောင်းမြတ်ကျော်စွာ

နာကျင်ခံခက်မှု (The Pain)

ငါတော့ အကျပ်ရိုက်နေပြီကွာ၊ လှုပ်လေမြုပ်လေပဲ

ကျွန်တော့်ကို ဘယ်သူကမှ အလေးမထား၊ အရေးတယူ မရှိကြ ဘူး၊ အလုပ်ရှင်ကလည်း ကျွန်တော့် အစွမ်းအစကို တစ်စက်မှ မသိဘူး…

အဆင်မပြေလိုက်တာ၊ စိတ် ဓာတ်ကျနေပြီ…

ဘာမှ ထူးထူးခြားခြား၊ လုပ် မပြနိုင်ဘူး ဖြစ်နေတယ်…

ခံစားချက်မဲ့နေတယ်… ဘ၀က အဓိပာယ်မရှိဘူး… ပျောက်ဆုံးနေပြီ…

အထီးကျန်ဆန်လိုက်တာ…

အချုပ်အချယ်တွေများလို့ … မွန်းကျပ်နေတာပဲ…

အိမ်က မိန်းမကလည်း နား လည်မှုမပေး… ကလေးတွေကလည်း ကိုယ့်စကားနားမထောင်… အိမ်မှာနေ ရတာထက်… အလုပ်မှာ နေရတာက စိတ်ချမ်းသာသေးတယ်…

စသည်တို့မှာ အလုပ်တွင်၊ အိမ်တွင်၊ ကိုယ့်ပတ်ဝန်းကျင်တွင် ကြားရတတ်သောအသံများ ဖြစ် သည်။ နာကျင်ခံခက်မှုသည် ကိုယ့် ဘာသာ တစ်ကိုယ်ရေ (Personal) ခံစားနေရသော ကိစဖြစ်တတ်ပြီး ရင်ထဲသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်နေ တတ်သည်။ ­ထိုကဲ့သို့ အကြိမ်များစွာ ဖြစ်ဖူးကြပေမည်။ လူဖြစ်ရခြင်း (On Becoming a Person) အမည်ရှိ စာအုပ် တွင် ကားလ်ရော်ဂျာစ် ရေးခဲ့သလိုပင် ကိုယ်ရေးကိုယ်တာ ခံစားချက်အများစု သည် သူသူငါငါ ခံစားနေကြရသည့် အတိုင်းပင် ဖြစ်သည် ဟု ဆိုရပေ မည်။

အချို့က ကိုယ့်အလုပ်တွင် အာရုံစူးစိုက်ထားမှု၊ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု၊ အင်တိုက်အားတိုက် လုပ်မှုရှိကြသည်။ သို့သော် အနည်းစု သာ ဖြစ်သည်။ စတီဗင်ကိုဗေးက ဟောရင်းပြောရင်း ပရိသတ်များကို လက်ရှိ လုပ်ကိုင်နေမှု သို့မဟုတ် လုပ် ခွင့်ပြုထားသည့် အတိုင်းအတာထက် အရည်အသွေး၊ အသိပညာ၊ အစွမ်း အစ၊ ဖန်တီးနိုင်မှုပိုရှိသော ၀န်ထမ်း အင်အားစုများ ၄င်းတို့ အဖွဲ့အစည်း လုပ်ငန်းအတွင်း များစွာရှိနေသည်ကို သဘောတူ၊ မတူ မေးမြန်းသဘော ထားတောင်းခံကြည့်ရာ အများစုကြီး က သဘောတူကြောင်း လက်ထောင် ကြသည်။ ကမာတစ်လွှားနည်း နှင်နှင်ပင် ဖြစ်သည်။ရာခိုင်နှုန်း လောက်ပင် အရေအတွက်ရှိသော လူ များကလည်း အတိုင်းအတာတစ်ခု အထိသာလုပ်ရန် ကြီးမားစွာ ဖိအား ပေးခံရသည်ဟု ဆိုသည်။ အများစုမှာ သူတို့၏ ပင်ကိုအရည်အသွေးဖြစ် သော ပါရမီ၊ ထက်မြက်ပါးနပ်မှုတို့ကို အသုံးချခွင့်မရမှုနှင့် ကြုံတွေ့နေကြရ သည်။

ဘဏ်လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ စစ်တပ်၊ နည်းပညာဝန်ဆောင်မှု စသော အဓိက လုပ်ငန်းစုများ (Key Industries) နှင့် စာရင်းစစ်၊ အတွင်းရေးမှူး၊ ကြော်ငြာ လုပ်ငန်း၊ ကွန်ပျူတာကျွမ်းကျင်သူ၊ ပညာရေးစီမံခန့်ခွဲသူ၊ အရောင်းကိုယ် စားလှယ် စသော အဓိကအသုံးချဧရိ ယာများ (Key Functional Area) တွင် အလုပ်လုပ်နေကြသော အမေရိကန် ပြည်ထောင်စုရှိ အလုပ်သမား၂၃၀၀၀ ကို မကြာသေးမီက တွေ့ဆုံမေးမြန်း စစ်တမ်းကောက်ယူခဲ့သော စွမ်းဆောင် နိုင်မှုအရည်အချင်းပြညွှန်းကိန်း xQ (Execution Quotient) မေးခွန်းလွှာ ရလဒ်ကို ကောက်နုတ်လေ့လာနိုင် သည်။

အလုပ်သမားဝန်ထမ်းများတွင် …..

၃၇ ရာခိုင်နှုန်းကသာ သူတို့လုပ် ကိုင်နေသော အဖွဲ့အစည်းလုပ်ငန်း၏ ကြိုးပမ်းနေသော အောင်မြင်မှု ဘာဖြစ် သနည်းဆိုသည်နှင့် ဘာကြောင့် ထိုသို့ ကြိုးပမ်းသည်ဆိုသည်တို့ကို ရှင်းရှင်း လင်းလင်း သိမြင်နားလည်သည်ဟု ဆိုသည်။

ငါးဦးတွင် တစ်ဦးကသာ အဖွဲ့ အစည်း၊ လုပ်ငန်း၏ ပန်းတိုင်နှင့် လုပ် ဖော်ကိုင်ဖက် အသင်းအပင်းအပေါ် စိတ်ဝင်စားမှုရှိသည်။

ငါးဦးတွင် တစ်ဦးက (၁) သူတို့၏ တာဝန်နှင့် (၂) လုပ်ဖော်ကိုင်ဖက် အသင်းအပင်းအဖွဲ့နှင့် အဖွဲ့အစည်း လုပ်ငန်း၏ ရည်မှန်းချက်ပန်းတိုင်နှစ် ရပ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင် သည်ဟု ဆိုသည်။

အလုပ်သမားဦးရေထက်ဝက်ခန့်က သာ သီတင်းပတ်အကုန်တွင် ပြီး မြောက်အောင် လုပ်လိုက်သော သူတို့ အလုပ်အပေါ် ကျေနပ်မှု ရှိသည်။

၁၅ ရာခိုင်နှုန်းကသာ ရည်မှန်းချက် ပန်းတိုင်ကို ဖော်ဆောင်ရေးအတွက် သူတို့၏ အဖွဲ့အစည်း၊ လုပ်ငန်းက အပြည့်အ၀ အထောက်အပံ့ပေးနိုင် သည်ဟု ခံစားမိသည်။

၁၅ ရာခိုင်နှုန်းကသာ သူတို့သည် လုံးဝယုံကြည်စိတ်ချရသော ၀န်းကျင် အသိုင်းအ၀ိုင်းအလုပ်လုပ်နေရ သည်ဟု ခံစားမိသည်။

သစ်လွင်ကောင်းမွန်သော အိုင်ဒီယာများနှင့် ကွဲပြားသော်လည်း အလေးထားလောက်ဖွယ် အမြင်များ အပေါ် လွတ်လပ်စွာ ရှင်သန်ခွင့်ကို သူတို့၏ အဖွဲ့အစည်း၊ လုပ်ငန်းက အားပေးအားမြောက် ရှိသည်ဟု ၁၅ ရာခိုင်နှုန်းကသာ ခံစားမိသည်။

အကောင်းအဆိုး၊ အကျိုးရလဒ် အပေါ် အဖွဲ့အစည်းလုပ်ငန်းက တာဝန်ခံပေးသည်ဟု ၁၀ ရာခိုင်နှုန်း ကသာ ခံစားမိသည်။

၂၀ ရာခိုင်နှုန်းကသာ သူတို့အလုပ် လုပ်နေသည့် အဖွဲ့အစည်း၊ လုပ်ငန်း အပေါ် အပြည့်အ၀ယုံကြည်မှု ရှိသည်။

၁၃ ရာခိုင်နှုန်းကသာ အခြားသော အဖွဲ့အစည်းအုပ်စုများ သို့မဟုတ် ဌာနများနှင့် ဆက်ဆံလုပ်ဆောင်ရာ တွင် အပြည့်အ၀ ပူးပေါင်းဆောင်ရွက် မှု၊ လုံးဝယုံကြည်မှု ရှိသည်။

အထက်ပါရလဒ်များကို ဘောလုံးစကားနှင့် ပြောရလျှင် ကစား ကွင်းထဲ ဘောလုံးသမား ၁၁ ဦး အနက် လေးဦးကသာ အသင်း၏ ရည်ရွယ်ချက်ကို သိသလို ဖြစ်နေ မည်။ ၁၁ ဦးအနက် နှစ်ဦးကသာ ဂတစိုက် ရှိမည်။ ၁၁ ဦးအနက် နှစ်ဦး ကသာ သူတို့ကစားနေသည့် အနေ အထားနှင့် သူတို့ ဘာလုပ်ရမည်ကို ရေရေရာရာ သိမည်။ အနှီ ကစားသမား နှစ်ဦးမှအပ ကျန်ကစားဖော်များသည် ပြိုင်ဘက်အသင်းကို ယှဉ်ပြိုင်ရမည့် အစား ကိုယ့်အသင်းသားအချင်းချင်း ပြန်ပြိုင်ဆိုင်သလို ဖြစ်နေပေလိမ့် မည်။

အချက်အလက်များသည် အလေးအနက်ဆင်ခြင်ရမည့်ကိစဖြစ် သည်။အချက်အလက်များသည် ကမာတစ်ဝန်း အမျိုးမျိုးသော အဖွဲ့ အစည်းများရှိ လူများနှင့် ပတ်သက်ကိုယ်တိုင်တွေ့ရသည့်အတွေ့အကြုံများ နှင့် စပ်ဟပ်မိသည်ဟု စတီဖင်ကိုဗေး က ဆိုသည်။ နည်းပညာများ၊ ဆန်း သစ်ပြောင်းလဲနေသော ထုတ်ကုန်များ၊ ကမာနှင့်ချီသော ဈေးကွက်များ ကျွန်ုပ် တို့ ရရှိနေသည့်တိုင် အများစုသော လူ များသည် သူတို့အလုပ်လုပ်ကိုင်ရာ အဖွဲ့အစည်းလုပ်ငန်းများအတွင်း ပျော်ဝင်ရှင်သန်ခြင်း (Thriving) မရှိ ကြပေ။ ကျေနပ်စိတ်ချမ်းသာမှု၊ တက် ကမှုမရှိပေ။ မချင့်မရဲ ရှိကြသည်။ သူ တို့သည် ကိုယ့်အဖွဲ့အစည်း၏ ဦးတည်ရာကိုလည်းကောင်း၊ ကိုယ့် အသိုင်းအ၀ိုင်း၏ အမြင့်ဆုံး သာလွန် ကောင်းမွန်ချက်ကိုလည်းကောင်း ဂဃ နဏ မသိကြ။ ရှေ့မတိုးနိုင်ဖြစ်ကာ အာရုံထွေပြားလျက် ရှိသည်။ အားလုံး ထဲတွင် အများစုမှာ သူတို့အဖို့ အပြောင်းအလဲဖြစ်အောင် မလုပ်နိုင်ဟု ခံစားနေရသည်။ ၀န်ထမ်းအင်အားစု စိတ်ထက်သန်မှု၊ ပါရမီအရည် အသွေး၊ အသိညဏ

်ပညာတို့ကို အပြည့်အ၀အသုံးချရန် အခွင့်မသာမှု ကြောင့် တစ်ဦးချင်းအရဖြစ်စေ၊ အဖွဲ့ အစည်းလိုက်ဖြစ်စေ ဆုံှးုံးနစ်နာရမှုကို ခန့်မှန်းကြည့်နိုင်ပါပြီလား။ အခွန်ပေး ဆောင်ရခြင်း၊ အတိုးငွေပေးရခြင်း၊ လုပ်ခပေးရခြင်း အားလုံးပေါင်းတို့ ထက် အဆများစွာ ပို နစ်နာပါ သည်။

ကောင်းမြတ်ကျော်စွ myanmar.scholar@gmail.com

The 8th Habit by Stephen Covey


(ဒီဆောင်းပါး တွေက အားလုံး ၆၀ ကျော်ရှိပါတယ်။ ခေတ်မြန်မာ ဂျာနယ်(အခုတော့ ရပ်သွားပြီ)မှာ အပတ်စဉ် ဖော်ပြဖူးပါတယ်။ ၀င်း ကနေ ဇော်ဂျီ ပြောင်းလို့ရအောင် မောင်လှ ဘလော့ဂ် က တဆင့် ယူပါတယ်။ ညွှန်းပေးတဲ့ ကေကေတီကို ကျေးဇူးပါ။)

Advertisements

Leave a comment

Filed under Management, Philosophy

Comments are closed.