Dialogue-2

ဒိုင်ယာလော့ ၂

ချေဖျက်ဆန်းစစ်မှုဝါဒ (Deconstructionism) – အမေး & အဖြေ

မေး – “အဆောက်အအုံဖျက်ဝါဒ” စသဖြင့် ယခင် ဘာသာပြန် ရေးသားနွေးမှုတွေအပေါ် အမြင်?

ဖြေ – အမှန်အတိုင်းပြောရရင် စာပေသဘောတရားနဲ့ ဝေဖန်ရေးတွေမှာ ဖတ်စဉ်က သိပ်နားမလည်ခဲ့ပါ။ ဒီဝါဒအကြောင်း အင်္ဂလိပ်လိုရေးထားတဲ့ ဆွေးနွေးချက်ကို လက်တွေ့အသုံးချ လေ့လာရေးသားထားတဲ့ စာအုပ်တွေ အကူအညီနဲ့ ဖတ်မှ နားလည်နိုင်တာပါ။ ဒီနေရာမှာ ကျုပ်တို့ဘာသာစကားက ပြန်လည်တင်ပြပုံနဲ့ ဒါရီးဒါး ဆိုလိုချင်တာနဲ့ အကြား ဟ နေတယ်လို့ ပြောနိုင်ပါတယ်။ စာရေးသူတွေ ချို့ယွင်းချက် မဟုတ်ပါ။ မတူညီတဲ့ ကာလ၊ ဒေသမှာ ဘာသာစကားရဲ့ အဓိပ္ပါယ်ခြုံငုံနိုင်စွမ်း (Possible နဲ့ Operation) ကြောင့်လို့ ဆိုနိုင်ပါတယ်။

မေး – အခုရေးခဲ့တာနဲ့ “ချေဖျက်ဆန်းစစ်မှုဝါဒ” ကို ခြုံငုံနိုင်ပြီလား?

ဖြေ – မဆိုနိုင်ပါဘူး။ ကျယ်ပြန့်ထွက်လာတဲ့ ဒဿနတစ်ရပ်အတွက် ကိုယ်လေ့လာမယ့် နယ်ပယ် (Scope) ကို ကျဉ်းပစ်ပြီး အထူးပြုမှ ဆိုင်ရာဆိုင်ရာ ခြုံငုံမိမှာ ဖြစ်ပါတယ်။

မေး – “နိဗ္ဗာန်” တွေဘာတွေ ဆွဲထည့်လိုက်တော့ မျက်စိစပါးမွှေးစူးစရာများ ဖြစ်နေမလား?

ဖြေ – ဖတ်တဲ့သူ နားလည်သွားဖို့ လိုရင်းပါ။ ကျနော့်ရဲ့ အရေးအသားအတွက် ကျနော့်ရဲ့ တာဝန်သာ ဖြစ်ပါတယ်။

ဒီနေမှာ စကားစပ်လို့ ကိုယ်တွေ့တစ်ခုနဲ့ ယှဉ်ပြီး ပြောပရစေ။

ချစ်ငယ်(ဒဿန)ရဲ့ “နိဗ္ဗာန်” ဆိုတဲ့ စာအုပ်ကို ဒီရှုထောင့်က စေ့စေ့စပ်စပ် ဝေဖန်လို့ရပါတယ်။ အဲဒီမှာ ကွဲလွဲ တိမ်းချော်မှုတွေ အတော်များများ မြင်နိုင်ပါတယ်။ စာအုပ်ထွက်ပြီးနောက် ဂျာနယ်တစ်စောင်မှာ “ဗုဒ္ဓစာပေလေ့လာသူတစ်ဦး” အမည်နဲ့ ပါးပါးလေး ဝေဖန်ချက်ပါလာရာမှာ “နိဗ္ဗာန်”စာရေးဆရာကြီးရဲ့ မမျှော်လင့်သော ဒေါသတကြီး တုံ့ပြန်မှုကို တွေ့ရဖူးကြောင်းပါ။ အင်းလျားကန်စောင်းက International Business Center(IBC) မှာ ရှင်းလင်းပွဲကျင်းပပြီး လက်သီးလက်မောင်းတန်း တုံ့ပြန်ခဲ့တာပါ။

စကားတွေကျွံတာတွေ့ရပြီး တက်ရောက်လာသူတွေရဲ့ တန်ပြန်အမေးကို လိပ်ပတ်လည်အောင် မဖြေနိုင်ဘဲ စင်ပေါ်က ဆင်းပါတယ်။ မေးတဲ့သူက စင်အောက်အထိ လိုက်မေးပါတယ်။ စကားကျွံပုံကတော့ “လက်ရှိဘ၀မှာ နိဗ္ဗာန်ရသူ အချင်းချင်း သိကြတယ်” လို့ပြောသွားပြီး စကားနောက်တစ်နေရာမှာ “ဘယ်ဆရာတော်တွေ နိဗ္ဗာန်ရနေတယ်ဆိုတာ သူသိတယ်” ဆိုပြီး ကျွံတာမျိုးပါ။ အဲဒီမှာ ကတုံး၊ ယောဂီဝတ်စုံ နဲ့ ပုဂ္ဂိုလ်တစ်ဦးက “ဒါဆို ဆရာကြီး နိဗ္ဗာန်ရနေပြီလို့ ဆိုလိုနိုင်တာပေါ့” လို့ထောက်တော့ ပြတ်ပြတ်သားသားငြင်းဆိုခြင်း မပြုဘဲ “ဒီအမေးကို မဖြေနိုင်ပါဘူး” ၊ “နိုင်ငံရေးနဲ့ ငြိတာတွေမဖြေပါဘူး” ဆိုပြီး ၀ိရောဓိတွေနဲ့ ပွဲသိမ်းခဲ့ပါတယ်။

(မှတ်ချက် – “ဗုဒ္ဓစာပေလေ့လာသူတစ်ဦး” ဆိုသည်မှာ မည်သူမည်ဝါဟု ချစ်ငယ်(ဒဿန) အပါအ၀င် မည်သူမှ ယနေ့အထိ မသိခဲ့ကြပါ)

Advertisements

Leave a comment

Filed under Dialogue, Philosophy

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s