PS

Posted: December 3, 2011 in Politics
Tags:

(form columbiastate.edu)

ဖေ့စ်ဘုတ်မှာ ခင်တဲ့ ကဗျာငပျင်းက နိုင်ငံရေးသိပ္ပံ (Political Science – PS) ဘာသာရပ်နဲ့ ဆိုင်တာတွေ ဖတ်ချင်တယ်၊ လမ်းညွှန်ပါလို့ ဆိုတယ်။ လွယ်လွယ်ပဲ ဂူဂဲလင်း လုပ်လိုက်တာပါပဲ။ နိုင်ငံရေးသိပ္ပံ ဘာသာရပ်နဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ ဆိုဒ်တွေ၊ ဘလော့ဂ်တွေ တွေ့ရတယ်။

အခြေခံကစပြီး အတော်စုံစုံလင်လင် ရေးပြထားတာကတော့ HRDP ဆိုဒ်မှာ အခန်းဆက် ရေးသားထားတဲ့ အခြေခံနိုင်ငံရေး သိပ္ပံနဲ့ နိုင်ငံရေးသိပ္ပံ ပါပဲ။

နိုင်ငံရေးသိပ္ပံနဲ့ ပတ်သက်လို့ တစိုက်မတ်မတ် ရေးသားဖော်ပြနေတဲ့ ဘလော့ဂ်တခုကတော့ politicsfreakcnz ဖြစ်ပါတယ်။

နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ပတ်သက်လို့ အစပျိုးထားပေမယ့် သေနေတဲ့ ဘလော့ဂ်တခုကတော့ polsciburma ဖြစ်ပါတယ်။ အဲဒီဘလော့ဂ်မှာတော့ အင်ထရိုတွေရယ်၊ ခက်ဆစ်တပုဒ်ရယ်ရေးပြီး ရပ်တန့်နေပါတယ်။

နိုင်ငံရေးသိပ္ပံဘာသာရပ် နိဒါန်းနဲ့ ပတ်သက်လို့ စံပယ်ဖြူမဂ္ဂဇင်းမှာ မိုးသန်း ရေးခဲ့တဲ့ ဆောင်းပါးကိုတော့ ဒီဘလော့ဂ်မှာ စာစီပေးထားတာကို တွေ့ရပါတယ်။

နိုင်ငံရေးသိပ္ပံနဲ့ ပတ်သက်လို့ စိတ်ဝင်စားသူများအတွက် မောက္ခပညာရေးမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ “နိုင်ငံရေးသိပ္ပံကျောင်းသားများအတွက် နွားမပုံပြင်” ကိုလည်း မလွတ်တမ်း ဖတ်သင့်ပါတယ်။ (မောက္ခမှာ ရှာမရတာနဲ့ ဖေ့စ်ဘုတ်က လင့်ခ် ပေးလိုက်ပါတယ်)

Advertisement
Comments
  1. ဂျီးဓော် says:

    ဆရာရှင့် ပညာတွေ တိုးရပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s