ဒီနှစ်ထဲမှာ ပြသတဲ့ Wu Xia ခေါ် ဓားသမားများ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတခန်းမှာ “ကျားကမ္ဘာ ဘမ်းပရုတ်ဆီ” ဆိုတဲ့ မြန်မာလိုရေးထားတဲ့ ဆိုင်းဘုတ် တွေ့မိပါတယ်။ အတော်ကလေး ဟောင်းနေတဲ့ လက်ရာနဲ့ ဆိုင်းဘုတ်ပါ။ ကျားဘမ်းပရုတ်ဆီ ဆိုင်းဘုတ် ဖြစ်ပါတယ်။ အဲဒါလေးကို ပုံရိပ်ဖမ်းထားတာပါ။ (ဒါ ထိုင်ဝမ်မှာ ရိုက်တာ၊ အဲဒီမှာ ဒီဆိုင်းဘုတ် ရှိတယ်လို့ တချို့ကတော့ ပြောပါတယ်)
ဒီရုပ်ရှင်က ဇာတ်မြှုပ်နေတဲ့ လူဆိုးဂိုဏ်းဝင် သိုင်းသမားတယောက်အကြောင်းပါ။ သူက အိမ်ထောင်ကျလို့ ကလေးတောင် ရနေပြီ။ မမျှော်လင့်ဘဲ ဓားပြမှုတခုမှာ ခုခံကာကွယ်ပေးရင်း စုံထောက်က ရိပ်မိသွားရာကနေ သူ့ကို တရားဥပဒေအရ အရေးယူဖို့ ကြိုးစားလာတယ်။ တချိန်တည်းမှာပဲ သူ့ရဲ့ လူဆိုးဂိုဏ်းကလည်း သူ့ကို လာပြန်ခေါ်ဖို့ ကြိုးပမ်းတယ်။
ဂိုဏ်းချုပ်က သူ့ရဲ့သားလေးကို ဓားစာခံလုပ်ပြီး အကြပ်ကိုင်လာတယ်။ ဇာတ်မြှုပ်ပြီး လူသာမာန်လို နေသွားချင်တဲ့ အဲဒီလူဆိုးဂိုဏ်းဝင်ဟာ နောက်ဆုံးမှာ ဂိုဏ်းဝင်အဖြစ်က ပျက်ပြယ်အောင် သူ့လက်တဖက်ကို သူ့ဖာသာ ဖြတ်ပစ်လိုက်ပါတယ်။
ဒါရိုက်တာ ပီတာ ချမ်း ဖြစ်ပြီး ဒွန်နီယမ်းနဲ့ တာကေရှီ ခနဲရှိရောတို့ သရုပ်ဆောင်ထားပါတယ်။






Internet Text Archive


visit again.thz u